ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး လမ်းခွတွင် ယနေ့ မတ်လ ၉ ရက်၊ နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် လွိုင်ကော်-မိုးဗြဲ လမ်းအား ဖြတ်သန်းသွားလာခြင်း မပြုသေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၂)က အသိပေး ထုတ်ပြန်ထသည်။
.
စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF ပူးပေါင်းအဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှု ရှိသော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း မပြုသေးရန် အသိပေးပန်ကြားထားသည်ကိုလည်း တွေ့ရသည်။