ရှမ်းတောင်ရှိ ၆၆ကေဗွီ/၃၃ကေဗွီ ဓါတ်အားခွဲရုံနှင့် ဖီဒါများမှ အုပ်စု ၄ စုခွဲ၍ အလှည့်ကျ မီးပေးသည့် စနစ် ကျင့်သုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရှိ ၆၆ကေဗွီ/၃၃ကေဗွီ ဓါတ်အားခွဲရုံနှင့် ဖီဒါများမှ အုပ်စု ၄ စုခွဲ၍ အလှည့်ကျ မီးပေးသည့် စနစ် ကျင့်သုံး


ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၆၆ကေဗွီ/၃၃ကေဗွီ ဓါတ်အားခွဲရုံများနှင့် ၆၆ကေဗွီ/၃၃ကေဗွီ ဖီဒါများမှ အုပ်စု ၄ စု ခွဲ၍ အလှည့်ကျ လျှပ်စစ်ဓါတ်အား (မီး) ပေးသည့် စနစ်ကို ယနေ့ မတ်လ ၂၁ ရက်မှ ၃၁ ရက်ထိ ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။

.

အုပ်စုများအား မည်သည့် မြို့နယ်/ဒေသများဖြင့် ခွဲခြား သတ်မှတ်ထားသည်ကို အတိအကျ မသိရသော်လည်း ဓါတ်အားပေးချိန် ၅ ချိန်တွင် အုပ်စု A၊ B၊ C၊ D ဟူ၍ သတ်မှတ် ခွဲခြားကာ နာရီစဉ်အလိုက် ဓါတ်အား ပေးမည် ဖြစ်ကြောင်း သိရသည်။

.

" တစ်နေ့ကို ၃ နာရီကနေ ၅ နာရီလောက်ပဲ ပျဉ်းမျှ မီး ရမယ်။ အဲဒီ အချိန်ကလည်း မတူဘူး၊ အုပ်စုအလိုက် ကွာသွားမယ်။ အသုံးပြုချိန်မှာ မီးလာတာနဲ့ မကြုံဘဲ အိပ်တဲ့အချိန်နဲ့ ကြုံတာမျိုးလည်း ရှိတယ်။ ချက်ပြုတ်ချိန်နဲ့ ကြုံဝာာလည်း ရှိတယ်။ တစ်နေ့ကို အုပ်စု ၂ ခုတော့ မနက် (ဒါမှမဟုတ်) ညနေပိုင်း သုံးလို့ ရနိုင်တယ်။ ကျန်တာတွေကတော့ သုံးတဲ့ အချိန်နဲ့ မကြုံဘူး။" ဟု လျှပ်စစ်ဌာနမှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

အဆိုပါ အုပ်စုအလိုက် ဓါတ်အားပေးမည့် နာရီစဉ်မှာ ည ၁၂ နာရီမှ နံနက် ၄ နာရီထိ လည်းကောင်း၊ နံနက် ၄ နာရီမှ ၉ နာရီထိ လည်းကောင်း၊ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ လည်းကောင်း၊ နေ့လယ် ၂ နာရီမှ ည ၇ နာရီထိ လည်းကောင်း၊ ည ၇ နာရီမှ ၁၂ နာရီထိ လည်းကောင်း အသီးသီး ခွဲခြားသတ်မှတ်ထားသဖြင့် အုပ်စု တစ်ခုတွင် ဓါတ်အား ရရှိချိန် တစ်နေ့လျှင် ၃ နာရီမှ ၅ နာရီထိသာ ပျဉ်းမျှ ရမည် ဖြစ်‌ကြောင်း သိရသည်။

.

တောင်ကြီးမြို့တွင် ဓါတ်အား အသုံးပြုခ (မီတာခ) မပေးသွင်းသူများကို ဓါတ်အား ဖြတ်တောက်မှုများ ပြုလုပ်နေလျက် ရှိပြီး၊ ဓါတ်အား အသုံးပြုခ ပုံမှန် ပေးသွင်းသူများသည်လည်း ဓါတ်အား ရရှိချိန် အချိန်မှန် မဟုတ်သည့်အပြင် အချိန် အနည်းငယ်သာ ရရှိသည့် အတွက် စစ်ကောင်စီအပေါ် ပြစ်တင် ဝေဖန်မှုများ ရှိနေသည်။

Journal Download

Photo of three cats