စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၉ ရက်၊ နံနက် ၆ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ရှိ လူနေအိမ် တစ်လုံးသို့ ထိမှန်ကာ မီးလောင်ခဲ့ကြောင်း သိရသည်။
.
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ စက်မူဇုံရပ်ကွက်ရှိ အရပ်သား ပြည်သူပိုင် လူနေအိမ် တစ်လုံးကို စစ်ကောင်စီ၏ လက်နက်ကြီး ကျည် ထိမှန်ကာ မီးလောင်သွားခြင်း ဖြစ်ပြီး ထိခိုက်မှု ရှိ/မရှိကိုမူ မသိရသေးပေ။