တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်သပိတ်စစ်ကြောင်းများ ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်သပိတ်စစ်ကြောင်းများ ဆန္ဒပြ


နွေဦးတော်လှန်ရေးတွင် ကျရာ အခန်းကဏ္ဍမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ယနေ့ မတ်လ ၈ ရက် (နိုင်ငံတကာအမျိုးသမီးများနေ့)၌  သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ စစ်အာဏာရှင်ညဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။


အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို Women Alliance Burmaမှ ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များသမဂ္ဂ (Youth Union) ၊ Revolution Force (RF)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစုတို့မှ ပူးပေါင်း၍ “ဣတ္ထိယတွေရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

Journal Download

Photo of three cats