ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာနှင့် သေးဆူလဲ ကျေးရွာတလျှောက်၌ စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စင်းဖြင့်တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ ယနေ့ မတ်လ ၈ ရက်၊ နံနက် ၂ နာရီ နှင့် ၇ နာရီခန့်တွင် ဗုံးကြဲပစ်ခတ်၍ ဘုရားကျောင်းနှင့် နေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
.
ထို့အတူ နံနက် ၇ နာရီခွဲခန့်တွင်လည်း သေးဆူလဲကျေးရွာ၊ ပူဖားရွာ တစ်လျှောက်၌ ဂျက်လေယာဉ် ၃ စင်းဖြင်ံ့ အဆက်မပြတ် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ပြည်သူများမှာ ဘေးလွတ်ရာသို့ အပြေးအလွား ရှောင်တိမ်းခဲ့ရပြီး ဘုရားကျောင်းနှင့် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရကာ လူထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေကိုမူ မသိရသေးပေ။