ဟားခါး၌ စစ်ကောင်စီရဟတ်ယာဉ် တစ်စီး ပျက်ကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟားခါး၌ စစ်ကောင်စီရဟတ်ယာဉ် တစ်စီး ပျက်ကျ


ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကွင်း အနီး၌ ယနေ့ မတ်လ ၂၉ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့သည်ဟု သိရသည်။

.

ရဟတ်ယာဉ်မှာ စာမေးပွဲ မေးခွန်းများ ပို့ဆောင်သည့် ယာဉ် ဖြစ်ပြီး လေပင့်အားကြောင့် ရဟတ်ယာဉ်ကွင်းနှင့် မီတာ ၁၀၀ ခန့် အကွာရှိ တောင်စောင်းပေါ်သို့ ပြုတ်ကျ ပျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ရဟတ်ယာဉ် အမြီး ကျိုးသွားသည့် အပြင် ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသူ စစ်ကောင်စီတပ်မှ ၂ ဦးနှင့် စစ်ကောင်စီ အရပ်ဘက် ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats