မှော်ဘီမြို့နယ်၊ သဲဖြူစစ်မှုထမ်းဟောင်းကျေးရွာထိပ်ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း တစ်ခုကို ရန်ကုန်မြို့ပြ ပျောက်ကျားတပ်ဖွဲ့ (YUGA)က ယနေ့ မတ်လ ၁ ရက်၊ နံနက် ၈ နာရီခန့်က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ရဲ ၁ ဦး၊ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး YUGA ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။