ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုးခူးရီးရွာ၌ ယနေ့ မတ်လ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးခဲ့သည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အိုးခူးရီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၏ စနိုက်ပါအဖွဲ့နှင့် လွိုင်ကော် PDF ၏ စနိုက်ပါအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အလောင်းကို ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားသည်ဟု ထုတ်ပြန်ထားသည်။