ကရင်ပြည်နယ်၊ KNU နယ်မြေ၊ ဝေါ်လေမြို့၊ မော်ခီးကျေးရွာရှိ စစ်ကောင်စီတပ်၏ မော်ခီးစခန်းကုန်းကို ယမန်နေ့ မတ်လ ၂၁ ရက်၊ ညနေပိုင်းက တပ်မဟာ (၆)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ (၂၀၁)တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး၊ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။