မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အမေရိကန် အတည်ပြု သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အမေရိကန် အတည်ပြု သတ်မှတ်


မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက ယနေ့ မတ်လ ၂၂ ရက်တွင် အတည်ပြု သတ်မှတ်ခဲ့သည်။

.

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် နောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုများကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခြင်း ၇ ကြိမ်ထိ ရှိခဲ့ခြင်း ဖြစ်ပြီး ၈ ကြိမ်မြောက်တွင် မြန်မာစစ်တပ်ကို အတည်ပြု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

.

သတ်မှတ် ထုတ်ပြန်သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားမျိုနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများသည် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုအတွက် အဓိက သတ်မှတ်ခြင်း ဖြစ်သော်လည်း တခြားလူမျိုးစု တိုင်းရင်းသားများနှင့် ဘာသာခြားများအပေါ် ဆယ်စုနှစ်ပေါင်း များစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုများနှင့် တခြားကြမ်းကြုတ်ရက်စက်မှုများကို အသိမှတ်ပြုရန်လည်း အရေးကြီးသည်ဟု ဆိုသည်။

.

ထို့အပြင် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သည့် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ဦးဆောင်ခဲ့‌သည့် စစ်ဗိုလ်ချုပ် ကိုယ်တိုင် အကြမ်းဖက်နှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြသူများ ဖြစ်‌ကြောင်းကိုလည်း ဖော်ပြထားသည်။

.

စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာကို သိမ်းယူခဲ့သူများ ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားကာ မြန်မာစစ်တပ်သည် အလားတူနည်းပရိယာယ်များအား အသုံးပြုလာသည်ကို တွေ့မြင်ခဲ့ကြရပြီး ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို ပစ်မှတ်ထားလာခြင်း ဖြစ်သည်ဟု အန်တိုနီဘလင်ကင်၏ ပြောဆိုမှုကို  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြထားသည်။

Journal Download

Photo of three cats