ကရင်နီ (ကယား) ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေလျက် ရှိရာ မပေါက်ကွဲသေးသည့် ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်း (အမျိုးအမည် မသိရသေး) ဗုံး၏ မှတ်တမ်းပုံနှင့် မပေါက်ကွဲသေးသည့် ဗုံးကို တူးဖော်နေမှု မှတ်တမ်းပုံများကို ဒေသခံ ပြည်သူ တစ်ဦးက လူမှုကွန်ရက်၌ ယနေ့ မတ်လ ၁၅ ရက်တွင် ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီတပ်သည် ကရင်နီ (ကယား)ပြည်နယ် အတွင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကိုသာမက စစ်ဘေးရှောင်များ နေထိုင်သည့် နေရာများ၊ ဘာသာရေး အဆောက်အဦများ၊ အရပ်သားပြည်သူများ၏ နေအိမ် အဆောက်အဦများကိုပါ မြေပြင်မှ လက်နက်ကြီး အပါအဝင် လေကြောင်းမှလည်း ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုများကိုပါ ပြုလုပ်နေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။