'ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံ မရှိ' စာတန်းဖြင့် တော်လှန်ရေးနေ့ အကြို လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

'ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံ မရှိ' စာတန်းဖြင့် တော်လှန်ရေးနေ့ အကြို လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်



ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) မှ အဖွဲ့ဝင်များသည် 'ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံ မရှိ' စာတန်းဖြင့် ယနေ့ မတ်လ ၂၆ ရက်တွင် တော်လှန်ရေးနေ့ အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

သမဂ္ဂ အဖွဲ့ဝင်များသည် အ‌ဆိုပါ စာတန်းနှင့် မီးတုတ်များ ကိုင်စွဲကာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အရိုအသေ ပြုခြင်းနှင့် ရန်ကုန်မြို့ တစ်နေရာ၌ စာတန်းအား ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ကိုလိုနီခေတ်မှ စ၍ ယခုတော်လှန်ရေးကြီးအထိ ခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲလျက် ဖက်ဆစ်တို့အား ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသည် ဖြစ်ရာ ယခုလက်ရှိအချိန်တွင်လည်း သမဂ္ဂကျောင်းသားတို့ မည်သည် တော်လှန်ရေးအား ဘယ်သောအခါမှ သစ္စာမဖောက်ဘဲ ခွပ်ဒေါင်းအလံတော်အောက်မှ နေ၍ ဖက်ဆစ်စစ်တပ်ကို ပုန်ကန်တော်လှန်နေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats