လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ယူကရိန်း ပြည်သူများနှင့် အတူ ရပ်တည်နေကြောင်း ပြသသည့် အနေဖြင့် We stand with Ukrain People, solidarity from Myanmar People စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
" အာဏာရှင်ကို အမြစ်ဖြတ်မယ့် မျိူးဆက်ဟာ ကျုပ်တို့ မျိူးဆက်က နောက်ဆုံးပဲ ဖြစ်လိမ့်မယ်။" ဟု ဆန္ဒပြသူ တစ်ဦးက ပြောသည်။
လက်ပံတောင်းတောင် ပြည်သူများသည် စစ်ကောင်စီ၏ မတရား ဖမ်းဆီးနှိပ်စက်မှုကို ခံနေရပြီး ကျေးရွာများလည်း မီးရှို့ဖျက်စီးခံနေရကာ သတင်းစီးဆင်းမှု ဖြတ်တောက်ခံထားရသော်လည်းအာဏာရှင်ကို အမြစ်ဖြတ်မည့် တော်လှန်လိုစိတ်များ ပိုမို ပြင်းထန်လာသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။