.
ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ ဘာသာရေးအဆောက်အဦ တစ်ခု ဖြစ်သော အိုမင်းမစွမ်းသီလရှင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၁ စီး၊ ကင်းထောက်လေယာဉ် ၁ စီးဖြင့် ၈ ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု DMO-PDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခင်က လက်နက်ကြီးကျည် တစ်ကြိမ် ထိထားပြီး ဖြစ်သော အိုမင်းမစွမ်း သီလရှင်ကျောင်းသည် စစ်ကောင်စီတပ်က ယခုတွင် ဒုတိယအကြိမ် တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောင်းရှိ အဆောက်အဦ ၄ လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ် အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဘာသာရေး အဆောက်အဦကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား DMO-PDF က ရှုံ့ချကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
.
ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေလျက် ရှိရာ အပြစ်မဲ့ အရပ်သား ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေး အဆောက်အဦများ၊ စစ်းဘေးရှောင် နေရာများပါ ပျက်ဆီးဆုံးရှုံးနေရခြင်း ဖြစ်သည်။