"အင်တာနက်သာ ဖြတ်ရမယ် တော်လှန်စိတ်ကို ဖြတ်မရဘူး" စာတန်း ကိုင်ဆောင်၍ လက်ပံတောင်းတောင် ပြည်သူများ ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

"အင်တာနက်သာ ဖြတ်ရမယ် တော်လှန်စိတ်ကို ဖြတ်မရဘူး" စာတန်း ကိုင်ဆောင်၍ လက်ပံတောင်းတောင် ပြည်သူများ ဆန္ဒပြ


လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီ ဦးဆောင်သော ဒေသခံပြည်သူများသည် ယနေ့ မတ်လ ၄ ရက်တွင် "အင်တာနက်သာ ဖြတ်ရမယ် တော်လှန်စိတ်ကို ဖြတ်မရဘူး" စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

.

" အင်တာနက် အဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းရဲ့ကျေးရွာ မြို့နယ်တွေမှာ ယနေ့အထိ အာဏာရှင်ကိုမုန်းတီးနေကြတုန်းပါပဲ။ ကျူပ်တို့ရွာတွေ မီးရှို့ခံရတယ် ဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ်။ စစ်ကောင်စီဘက်က ဒီလိုမျိူးတွေ ပြုမှုနေလည်း ကျူပ်တို့လူထုမှာ အာဏာရှင်ကို အမြစ်ပြတ်အောင် တော်လှန်လို စိတ်တွေဟာ ပြင်းထန်နေတယ်ဆိုတာ လမ်းမပေါ် လူထုတိုက်ပွဲက သက်သေ တစ်ခုပါပဲ။" ဒေသခံ တစ်ဦးက ပြောသည်။



စစ်ကိုင်းတိုင်းအတွင်း၌ မြို့နယ် ၄ ခုမှ အပ ကျန်မြို့နယ် အားလုံးတွင် အာဏာသိမ်း စစ်ကောင်စီက မိုဘိုင်းလ် အင်တာနက်လိုင်းများကို ဖြတ်တောက်ထား‌ကြောင်း သိရသည်။

Journal Download

Photo of three cats