ကလောမြို့နယ်၊ အင်းပြင်ရွာရှိ စစ်ကောင်စီ ခမရ(၁၁၂) တပ်၏ အဝင်ပေါက် လုံခြုံရေးဂိတ်တဲကို အောင်ပန်းမြို့ပြပြောက်ကျားတပ်စု က ယနေ့ မတ်လ ၁၆ ရက်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ဒေသအလိုက် စစ်ဆင်ရေးများ၊ ပစ်မှတ်ထား တိုက်ခိုက်မှုများကို လုပ်ဆောင်နေပြီ ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးရန်နှင့် အချို့ကိစ္စရပ်များတွင် မလွှဲသာ မရှောင်သာ ပြည်သူလူထုကို ထိခိုက် နစ်နာစေမိပါက နားလည်ခွင့်လွှတ်ပေးရန် အသိပေးထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။