ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၇ ရက်၊ နေ့လယ်ပိုင်းတွင် လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် ပတ်ခတ်နေသည်ဟု သိရသည်။
.
" ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် မိုးဗြဲ ၄၂၂ တပ်မှ မိုးဗြဲမြို့အတွင်း လူနေရပ်ကွက် များဆီသို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ပါသည်။" ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ပျက်ဆီးမှု အခြေအနေကိုမူ မထုတ်ပြန်သေးပေ။
.
ထို့အတူ စစ်ကောင်စီတပ်သည် မိုးဗြဲ ရထားဘောင်မှ ဒုန်းဒူထန်ကျေးရွာ နှင့် လွယ်ယင်းမင်္ဂလာကျေးရွာဘက်သို့ စစ်ကြောင်းဆက်လက် ထိုးရန် ရှိကြောင်း သတင်း ရရှိထားသည့်အတွက် ပြည်သူများအနေဖြင့် အသွားအလာ ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်နှင့် လုံခြုံသည့်နေရာတွင် နေပေးရန်ကိုလည်း MBPDF က အသိပေးထားသည်။