ရပ်စောက်မြို့နယ်တွင် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံး



ရပ်စောက်မြို့နယ်၊ ပန်ခါကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ယမန်နေ့ မတ်လ ၂ ရက်၊ ညနေ ၃ နာရီခန့်တွင် မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း စုံစမ်း သိရှိရသည်။ 

.

သေဆုံးသူမှာ စိုင်းခမ်း ဖြစ်ပြီး တောတွင်းသို့ ငါးဖမ်းရန် သွားရောက်စဥ် မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်း ဖြစ်သည်ကိုမူ မသိရသေးပေ။

.

ပန်ခါကျေးရွာတွင် မိုင်းနင်းမိပြီး သေဆုံးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရလ ၂၈ ရက်ကလည်း နောင်ဝိုးကျေးရွာအနီးတွင် ဆိုင်ကယ်ဈေးသည် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats