မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖြစ်သူ ကိုအောင်ဝင်းဌေးကို စစ်ကောင်စီက ဖမ်းဆီး၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲထားကြောင်း သိရသည်။
.
ကိုအောင်ဝင်းဌေးသည် ၎င်း၏ Facebook အကောင့်တွင် "စောက်ရှက် အနည်းဆုံး အာဏာ ငမ်း ဖမ်းနေသူကြောင့် စသဖြင့်" ရေးသားခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ အတွင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းသည် ၂၀၁၇ ခုနှစ်က စတင်၍ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ဆောင်နေသူ တစ်ဦး ဖြစ်သော်လည်း စစ်တပ် အာဏာသိမ်းမှု မတိုင်ခင်ကတည်းက သတင်းထောက် အလုပ်ကို လုပ်ကိုင်ခြင်း မရှိတော့ပေ။
.
ရှမ်းပြည်နယ်အတွင်း သတင်းမီဒီယာသမားများ အနက် ကမ္ဘောဇတိုင်းမှ ၄ ဦး၊ သံလွင်သွေးချင်းမှ ၁ ဦးတို့ ဖမ်းဆီး/ထောင်ဒဏ် ချမှတ်ခံထားရသည့် အပြင် ရွှေဖီမြေမှ ၁ ဦးနှင့် နမ့်စန်မှ အလွတ်တန်းသတင်းထောက် ၁ ဦးတို့လည်း ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင် နေကြရသည်။