လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၃ ရက်တွင် "ဓါးရဲ့တရားဆိုတာ ဝင့်ရုံနဲ့ မရ ရှေ့တိုးပြီး ခုတ်မှ ရမယ်" စားတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သပိတ်စစ်ကြောင်းမှ ဆန္ဒပြ ပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်တွင် မုံရွာမြို့၊ အာဇာနည်လမ်းပေါ်တွင် စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော အာဇာနည် ၉ ဦးကို အလေးပြုခဲ့ကြောင်းလည်း သိရသည်။