ဝမ်တိန်ဂိတ်မှ ဆန် အပါအဝင် ကုန်စည် ၇ မျိုး တင်သွင်းခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဝမ်တိန်ဂိတ်မှ ဆန် အပါအဝင် ကုန်စည် ၇ မျိုး တင်သွင်းခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်း


တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခု ဖြစ်သည့် ဝမ်တိန်-မန့်မန်ဂိတ်မှ ဆန် အပါအဝင် ကုန်ပစ္စည်း ၇ မျိုး တင်ပို့ခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

.

မြန်မာ ပို့ကုန်များ ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်သုံး သယ်ယူရမည့် ကုန်စည်တများ၊ အေးခဲကုန်စည်များ၊ ရေထွက်ကုန်များ၊ နေ့စဉ်သုံးကုန် ပစ္စည်းများနှင့် ထုတ်ပိုးရ လွယ်ကူသည့် စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ကို COVID-19 ကပ်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်ဘက်က ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

.

COVID-19 ကူးစက် ဝင်ရောက်မှုကို တားဆီးရန်၊ ကပ်ရောဂါများကို သိပ္ပံနည်းကျကျ တားဆီး၊ ကာကွယ်ရန်အတွက် တရုတ် FDA ဥပဒေ၊ စားသောက်ကုန် တင်သွင်း/တင်ပို့ ဥပဒေအရနှင့် ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရန် Working Group ၏ Plan သတ်မှတ်ချက်အရ  တရုတ်နိုင်ငံ၊ ရွှေလီမြို့ COVID-19 တားဆီးကာကွယ်ရေး Task Force မှ အဆိုပါ ကုန်စည်များ တင်ပို့ခွင့်ကို ယာယီရပ်ဆိုင်းရန် မတ်လ ၁၄ ရက်တွင် မြန်မာဘက်သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ကုန်ပစ္စည်းများ တင်ပို့ခွင့် ယာယီ ရပ်ဆိုင်းခံရခြင်းကြောင့် ကုန်စိမ်းပစ္စည်း အပါအဝင် ကုန်ပစ္စည်း တင်ပို့နေသူများ အခက်အခဲ ကြုံတွေ့နေကြရကာ ဆုံးရှုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

Journal Download

Photo of three cats