ကလေးမြို့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ၄၀၃ ရက်မြောက် အဖြစ် ယနေ့ မတ်လ ၁၇ ရက်တွင် ဒေသခံ ပြည်သူများက ဆက်လက် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ဆန္ဒပြ ပြည်သူများသည် ကလေးမြို့ အကျဉ်းထောင်အတွင်း စစ်ကောင်စီက ပစ်သတ်ခဲ့သည့် CNDF တပ်ဖွဲ့ဝင် အပါအ၀င် ၇ ဦးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အနက်ရောင်အင်္ကျီများ ၀တ်ဆင်ကာ ဆီမီးထွန်း ဆုတောင်းခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။