ဒုရဲအုပ် ချယ်ရီထက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုရဲအုပ် ချယ်ရီထက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံ​ရေးတာဝန် ထမ်း​ဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက် သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ​ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

.

နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်တရားရုံး၌ ယနေ့ မတ်လ ၃၁ ရက်တွင် ရုံးထုတ် စစ်​ဆေးပြီး‌နောက် ယင်းကဲ့သို့ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကာ ယခင်ကလည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထား​ရကြောင်း သိရသည်။

.

​ဒုရဲအုပ် ချယ်ရီထက်သည် လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားခြင်း အပါအဝင် လွှတ်​တော်ကိုယ်စားလှယ်​ ဒေါ်သီရိရတနာနှင့် ဆက်သွယ်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats