အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း သိရသည်။
.
၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ယခုလ ဒုတိယအပတ်အတွင်း လာရောက်မည် ဖြစ်ပြီး သက်ဆိုင်သူများနှင့် တွေ့ဆုံခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဖေဖော်ဝါရီ ၁၇ ရက်က ပြောဆိုခဲ့ပြီး ယခုတွင် ရက် အတိအကျ ထွက်ပေါ်လာခြင်းဖြစ်သည်။
.
Prak Sokhonn ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၃ ရက်မှ ၄ ရက်ထိ ကြာမြင့်နိုင်ပြီး ခရီးစဉ်အတွင်း မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ဆောင်ရန် ရှိသည်ဟု သိရသည်။
.
ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်များ အပြင် NUG ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံရန် အာဆီယံနိုင်ငံအချို့က တိုက်တွန်းထားရာ ယင်းအချက်ကို မြန်မာအာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားသည်။