ရပ်စောက်မြို့နယ်၊ ဟိုပြင်ကျေးရွာ အနီး၌ ယမန်နေ့ မတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက တောင်ယာ မီးရှို့စဉ် ဗုံး ပေါက်ကွဲခဲ့သဖြင့် ဒေသခံ အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ် ဦးဝင်းဇော် ဖြစ်ပြီး တောင်ယာအတွင်း မပေါက်ကွဲသေးသည့် ဗုံး ရှိမှန်း မသိဘဲ မီးရှို့ရှင်းလင်းစဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ကာ ဘယ်ဘက်လက် ပြတ်ထွက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရက်သတ္တပတ် ၂ ပတ် အတွင်း မိုင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် အသက်မပြည်သေးသည့် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒဏ်ရာရသူ ၃ ဦး၊ သေဆုံးသူ ၁ ဦး ရှိပြီ ဖြစ်သည်။