ကလောမြို့နယ်၊ အောင်ပန်း - ကလော လမ်းခွဲနေရာ၌ ယနေ့ မတ်လ ၁၆ ရက်တွင် ပြောင်းတင် တွဲယာဉ် တစ်စီး တိမ်းမှောက်ခဲ့သဖြင့် အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ရပ်စောက်မြို့နေ ကိုအာကာ သည် ခြေအရိုးကျိုး ထိခိုက် ဒဏ်ရာ ရရှိခဲ့သဖြင့် ၎င်းအား အောင်ပန်း နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင်လည်း အောင်ပန်း-ပင်းတယသွားလမ်းလှည်းရိုးရပ်ကွက် ထွန်စက်စခန်းအနီး လမ်းမ၌ ဆိုင်ကယ်တိုက်မှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။