ဒီးမော့ဆိုမြို့နယ် ဒေါခူလီကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ် ဒေါခူလီကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ



ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခူလီကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၃၁ ရက်၊ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု KNDF တပ်ရင်း(၁၀)၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူအထိအခိုက် မရှိ‌သော်လည်း လူနေအိမ် တစ်လုံး ပျက်ဆီးခဲ့ကြောင်း နှင့် အနီးအနား​ရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲလျက် ရှိကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်း၌ လူနေအိမ် ၂၈၀ ဝန်းကျင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်ချီသော စစ်ဘေးရှောင် ပြည်သူများသည် နေရပ်ပြန်ရန် အိုးအိမ် မရှိတော့သည့် အခြေအနေ ဖြစ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats