ရွှေညောင်ရဲစခန်းအား ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲ တိုက်ခိုက်၊ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွှေညောင်ရဲစခန်းအား ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲ တိုက်ခိုက်၊ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရ


တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ နယ်မြေ ရဲစခန်းအား မတ်လ ၈ ရက်၊ နေ့လယ်ပိုင်းတွင် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း JPGF ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

.

ထို့အတူ JPGF တပ်ဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးရုံးအား မတ်လ ၇ ရက်တွင် လည်းကောင်း၊ ဖေဖော်၀ါရီလ ၁၄ ရက်တွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးနယ်မြေရဲစခန်းအား လည်းကောင်း၊ ဟဲဟိုးမြို့ရှိ လျှပ်စစ်မီတာရုံး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လည်းကောင်း ဗုံးခွဲ တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။


ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို ပြီးခဲ့သည့် မတ်လ ၇ ရက်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းတပ်ဖွဲ့အနေဖြင့် "ဝုန်းဒိုင်း" စစ်ဆင်ရေး အမည်ဖြင့် ရဲစခန်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း အပါအဝင် စစ်ဆင်ရေး ၆ ကြိမ်ခန့် ဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

.

JPGF အနေဖြင့် စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ ဆက်နွယ်သော နေရာ၊ ဌာနများ ၊ ဒလန်များ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats