တောင်ကြီး၌ ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ အမျိုးသား တစ်ဦး အဖမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီး၌ ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ အမျိုးသား တစ်ဦး အဖမ်းခံရ


တောင်ကြီးမြို့မှ မန္တလေးနှင့် ရန်ကုန်သို့ ပို့ဆောင်သည့် ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်အနေဖြင့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ ပြီးခဲ့သည့် မတ်လ ၂၄ ရက်၊ ညပိုင်းက ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ အမျိုးသား တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု သိရသည်။

.

" ကျောင်းကြီးစုမှာ အဖမ်းခံရတာ။ လူငယ်တော့ မဟုတ်ဘူး၊ လူလတ်ပိုင်းပဲ။ ဖောက်ခွဲရေး ပစ္စည်းတွေလည်း မိတယ်လို့ ပြောတယ်။" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့မှ မ‌န္တလေးနှင့် ရန်ကုန်မြို့သို့ ပို့ဆောင်သည့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကောင်စီက ဖမ်းမိပြီးနောက် ကွင်းဆက်အနေဖြင့် တောင်ကြီးမြို့တွင် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

" တောင်ကြီးကနေ ပို့လိုက်တဲ့ ပစ္စည်းတွေကို လာ သယ်သွားတဲ့ UG တွေကို လမ်းမှာ စစ်ရင်း မိတာ။ မိတော့ တောင်ကြီးဘက်ကို မြှားဦး လှည့်လာတာ။ တောင်ကြီးက လူတွေတော့ မမိဘူး၊ ပစ္စည်းတွေ ထားခဲ့ပြီး လူလွတ်ရုန်း ပြေးကြတာထင်တယ်။ ကြားကနေ ပစ္စည်းတွေ စပ်ပေးတဲ့ တစ်ယောက်တော့ မိတယ်။" ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

.

တောင်ကြီးမြို့ အပါအဝင် ရန်ကုန်၊ မန္တလေးမှ ဆက်စပ်သူများအပြင် မသက်ဆိုင်သူများကိုပါ စစ်ကောင်စီက အထင်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်‌နေသည့်အတွက် သတိပြု နေထိုင်ကြရန်နှင့် ကြိုတင် ရှောင်တိမ်းကြရန် လိုအပ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

.

တောင်ကြီးမြို့တွင် ယခု ရက်သတ္တပတ်အတွင်း လူဦးရေ ၃၀ ဦး ဝန်းကျင်ခန့် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံထားရပြီး ယမန်နေ့ မတ်လ ၂၅ ရက်၊ ညပိုင်းကလည်း ပြည်တော်သာရပ်ကွက် အပါအဝင် ရပ်ကွက် အချို့ရှိ နေအိမ်အချို့ စစ်ဆေး ရှာဖွေခံခဲ့ရပြီး‌နောက် ဖမ်းဆီးခံရသူ ၈ ဦးထက်မနည်း ရှိခဲ့‌ကြောင်း သိရသည်။

Journal Download

Photo of three cats