သထုံမြို့နယ်၌ ဘုရားပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်၍ ဒေသခံ ၃ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

သထုံမြို့နယ်၌ ဘုရားပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်၍ ဒေသခံ ၃ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရ



KNU နယ်မြေ သထုံမြို့နယ်၊ ကျောက်တောင်ကျေးနယ်အုပ်စု၊ ကျောက်တောင်ကျေးရွာ၌ ဘုရားပွဲကျင်းပနေစဥ် ပွဲအတွင်းသို့ စစ်ကောင်စီတပ်မှ မတ်လ ၁၉ ရက်၊ ညဦးပိုင်းတွင်လက်နက်ကြီး (120 mm) များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံး၍ ၈ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

.

  စစ်ကောင်စီ ခမရ(၉) စခန်းမှ လက်နက်ကြီး (120mm)များဖြင့် ၄ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီးကျောက်တောင် ကျေးရွာ အနီးရှိ ရာဘာခြံအနီးတွင်  ၁ လုံး၊ ဘုရားပွဲအတွင်းရှိ လူစုလူဝေး နေရာသို့ ၁ လုံးကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။





လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသူ ၃ ဦး အပြင် ဒဏ်ရာ ရသူ ၈ ဦးအနက် အသက်မပြည့်သေးသည့် ကလေးသူငယ် ၃ ဦး ပါဝင်ကာ ဒဏ်ရာ ပြင်းထန်သူများကို နီးစပ်ရာ ဒေသဆေးခန်းများသို့ ပို့ဆောင် ပေးခဲ့သည်ဟုလည်းသိရသည်။

.

ကျောက်တောင်ကျေးရွာ ဘုရားပွဲကို နှစ်စဉ် အစဥ်အလာ မပျက် ကျင်းပ‌လေ့ရှိပြီး ယခုနှစ်တွင် မတ်လ ၁၈ ရက်မှ ၁၉ ရက်ထိ နှစ်ရက်တာ ကျင်းပနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပွဲအတွင်းသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ စစ်ကောင်စီမှ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်းသည် လွန်စွာ ရက်စက်ကြမ်းကြုပ်သော လူစိတ်ကင်းမဲ့သည့် လုပ်ရပ် ဖြစ်ကာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူနေမှု ဘဝလုံခြုံမှုကို လက်နက်ကိုင်ကာ ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

Journal Download

Photo of three cats