ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း၌ ယနေ့ မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
.
အမျိုးသမီးများ ဦးဆောင်၍ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်တွေ ပူးပေါင်း ပါဝင်ကာ အာဆီယံအနေဖြင့် စစ်အာဏာရှင်များဘက်မှ မရပ်တည်ဘဲ မြန်မာပြည် ပြည်သူလူထုနှင့် အတူ ရပ်တည်ရေး "ASEAN: Stand for Democracy, Not for Dictator" စာတန်း ကိုင်ဆောင်ကာ တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။