ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် ဒေသ၌ ယမန်နေ့ မတ်လ ၆ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။
.
KNDF အမှတ် (၁) တပ်ရင်း က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား အသက်ရှင်လျက် ဖမ်းဆည်း ရရှိခဲ့ရာ ဆေးဝါးကုသမှု ပေးခဲ့ပြီးနောက် Karenni State Police ထံတွင် သွားရောက်အပ်နှံခဲ့ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ လက်နက်အချို့ (MA-1, MA-2, MA-4, MA Sinper ) အား သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။