စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများ၏ နေအိမ် အဆောက်အဦများ ထိမှန်ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများ၏ နေအိမ် အဆောက်အဦများ ထိမှန်ပျက်စီး


စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် အတွင်းသို့ ယမန်နေ့ မတ်လ ၁၉ ရက်၊ နံနက် ၂ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဒေသခံ အရပ်သား ပြည်သူများ၏ နေအိမ် အဆောက်အဦများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

.

အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက် ကြဲချခဲ့ခြင်း ဖြစ်ပြီး ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာအတွင်းသို့ ၂ လုံး နှင့် ဆောထိမြို့နယ်၊ တကက်ပူ ကျေးရွာအတွင်းသို့ ၂ လုံး ဗုံး ကျရောက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း နေအိမ် အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ရသည်ဟု KNU က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ယင်းကဲ့သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာမှ ပြည်သူလူထုပေါင်း ၃၇၀၀ ခန့်တို့ ထိန့်လန့်ကြောက်ရွံ့ကာ နေရပ်စွန့်ခွာပြီး တောတောင်များ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟုလည်း KNU က ဆိုသည်။

.

ထို့အတူ ဒေသခံ ပြည်သူများသည် စိုးရိမ် ကြောက်ရွံ့ မှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး စားဝတ်နေရေးအတွက် သွားလာ လုပ်ကိုင်ရာတွင်လည်း ဘဝလုံခြုံမှုများ မရှိတော့ဘဲ COVID-19 ရောဂါကို ကာကွယ်ရန်/ကုသရန်အတွက် အခက်အခဲများ ဖြစ်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



Journal Download

Photo of three cats