ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်က မတ်လ ၇ ရက်၊ ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲချပြီး တိုက်ခိုက်ခဲ့ရာ ၁ လုံးသာ ပေါက်ကွဲပြီး ၁ လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့သည်။
.
ယင်း မပေါက်ကွဲသေးသည့် ဗုံးကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့က မတ်လ ၁၅ ရက်တွင် တူးဖော် ရှင်းလင်းခဲ့ပြီးနောက် ယင်းရုပ်သံမှတ်တမ်းကို ယနေ့တွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။