ရှမ်း-ကရင်နီ (ကယား) နယ်စပ်ရှိ ဖယ်ခုံမြို့နယ်၊ ဆောင်းကန်းကျေးရွာ၌ ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်မှုများ ရှိသည်ဟု သိရသည်။
.
ဆောင်ကန်းကျေးရွာသို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့ ယနေ့ နံနက် ၈ နာရီမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ကာ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှုများ ရှိသည်ဟု PDF Pekhon က ထုတ်ပြန်ခြင်း ဖြစ်သည်။
ထို့အတူ KNDF တပ်ရင်း(၃)ကလည်း ဆောင်းကန်းကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေသဖြင့် မိုးဗြဲ - လွိုင်ကော်လမ်းအား ခရီးသွားလာခြင်း မပြုကြသေးရန် ပြည်သူများထံ အသိပေးထားသည်။