တောင်ကြီးမြို့တွင် နေ့စဉ် ပန်းရောင်းနေသည့် အဖွား ဒေါ်ငွေကြည် သည် ရွှေညောင်မြို့၌ ပြီးခဲ့သည့် မတ်လ ၁၉ ရက်၊ ညနေပိုင်းက ဆိုင်ကယ် တိုက်ခံရ၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
.
" အဖွား ဒေါ်ငွေကြည် ဆိုင်ကယ် တိုက်ခံရလို့ မြတ်တော်ဝင်ဆေးရုံ၊ အခန်း (၄၁၀) မှာ တက်နေပါတယ်။ ဒီနေ့ နေ့လယ်မှာ ခွဲစိတ်ခန်း ဝင်ရမယ်။ အကူအညီတော့ မလိုသေးပါဘူး။ " ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အဖွား ဒေါ်ငွေကြည် သည် အသက် ၈၀ ကျော် အရွယ် ရှိပြီ ဖြစ်ကာ အဆိုပါ ဆိုင်ကယ် တိုက်ခံမှုကြောင့် နံရိုး ၃ ချောင်း ကျိုး၍ ပခုံးရိုးလည်း ပြုတ်ခဲ့ရသည်ဟု သိရသည်။
.
ရွှေညောင်မြို့မှ တောင်ကြီးမြို့သို့ လိုင်းကား စီး၍ နေ့စဉ် ပန်းရောင်း၍ အသက် မွေးဝမ်းကြောင်း ပြုသည့် အဖွား ဒေါ်ငွေကြည် သည် တောင်ကြီးမြို့ခံများ၏ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်သည်။