ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တရုတ် သမ္မတ တို့ အွန်လိုင်း ဆွေးနွေးမှု ပြုလုပ်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တရုတ် သမ္မတ တို့ အွန်လိုင်း ဆွေးနွေးမှု ပြုလုပ်ခဲ့


ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင် တို့သည် မတ်လ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဟွန်ဆန်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။

.

အာဆီယံ အထူးကိုယ်စားလှယ်စီ၏ မြန်မာနိုင်ငံ ခရီးစဥ် မတိုင်မီ ရက်ပိုင်း အလိုတွင် ကမ္ဘောဒီယား/တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။


ယင်း အွန်လိုင်း တွေ့ဆုံမှုတွင် အာဆီယံနှင့် ဒေသတွင်း အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့် ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို ရှီကျင့်ဖျင် က ထောက်ခံခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ Facebook တွင် ထုတ်ပြန်ထားသည်။

.

အာဆီယံ အထူးကိုယ်စားလှယ် ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်းသည် မြန်မာနိုင်ငံသို့ မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း အာဏာသိမ စစ်ကောင်စီဥက္ကဋ္ဌ အပြင် နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံရန် ရှိသည်ဟု သိရသည်။

Journal Download

Photo of three cats