နမ့်စန်မြို့မှ သတင်းထောက်ဟောင်း တစ်ဦး ဖြစ်သူ ကိုသန်းစိုးအောင် သည် ပြီးခဲ့သည့် မတ်လ ၇ ရက်၊ ညပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု သိရသည်။
.
ကိုသန်းစိုးအောင်အား ဖမ်းဆီးခံရသည့် အကြောင်းအရင်းအား အတိအကျ မသိရသေးဘဲ Namsam Net Page တွင် တင်ထားသည့် Post တွင် “အကြမ်းဖက် စစ်ကောင်စီ” ဟု ပါရှိသည့်အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တွင် ယခင်ကလည်း သတင်းမီဒီယာသမား ၅ ဦး ဖမ်းဆီးခံထားရပြီး ယင်းတို့အနက် ကမ္ဘောဇတိုင်းမှ ၄ ဦး၊ သံလွင်သွေးချင်းမှ ၁ ဦးတို့သည် ထောင်ဒဏ် ချမှတ်ခံထားရပြီး ရွှေဖီမြေမှ ၁ ဦးသည် အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။