ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှ ရာနှင့်ချီသော အပြစ်မဲ့ပြည်သူများ အာဏာသိမ်း အဖွဲ့၏ သတ်ဖြတ်ခံရခြင်း တစ်နှစ်ပြည့် အဖြစ် ယနေ့ မတ်လ ၁၄ ရက်တွင် လှိုင်သာယာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က "လမ်းမထက်ကျတဲ့ သွေးတွေ မခြောက်သေးဘူး Never forget 14.3.2021" စာတန်းပါ ပိုစတာကို လှိုင်သာယာမြို့နယ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲ
Tags
# ဆန္ဒပြ
# ပြည်တွင်းသတင်းများ
# ရန်ကုန်
Share This
About Unknown
ရန်ကုန်
Tags
ဆန္ဒပြ,
ပြည်တွင်းသတင်းများ,
ရန်ကုန်