တောင်ကြီးမြို့၊ ပြည်ဝောာ်သာရပ်ကွက်၊ နယ်မြေ(၁၂)၊ စံပယ်လမ်း၌ မတ်လ ၂၀ ရက်၊ ည ၁၂ နာရီကျော်ခန့်တွင် မီးလောင်ခဲ့သဖြင့် အမျိုးသမီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ဒဏ်ရာ ရရှိသူများမှာ နန်းကျင်ခေါင်လှိုင်း၊ နန်းဆိုင်လောဝ်နှင့် နန်းမူး တို့ ဖြစ်ပြီး ၎င်းတို့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့က သွားရောက် ငြိမ်းသတ်ပေးခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကိုမူ မသိရပေ။