စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ဆည်ထန်းတောကြီးကျေးရွာကို ယနေ့ မတ်လ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
အဆိုပါ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု စာရင်း အတိအကျ မသိရသေးဘဲ ဒေသခံ အရပ်သား ပြည်သူနေအိမ် ၁၄ လုံး ထက်မနည်း ပျက်ဆီး မီးလောင်ခဲ့ရသည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်သည်။
ထို့အပြင် လူနေအိမ်များအတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခံရခြင်း၊ မွှေနှောက် ရှာဖွေထားခြင်းနှင့် ဖျက်ဆီးခံရခြင်းများ ရှိသည်ကိုလည်း မှတ်တမ်းဓါတ်ပုံများအရ သိရသည်။
.
စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်ကလည်း ကျေးစာကျကျေးရွာရှိ လူနေအိမ် တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။