တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းမပေါ်၌ ယမန်နေ့ မတ်လ ၁၉ ရက်၊ ညပိုင်းက ထိုင်းနိုင်ငံသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် ကျဘမ်း လုပ်ကိုင်သူ ထိုင်းနိုင်ငံသား နိုင်းနိမ်နမ် အား မော်တော်ယာဉ် တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ပြီး ဝဲဘက်ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင် အဆိုပါ ဒဏ်ရာ ရရှိခဲ့သူ နိုင်းနိမ်နမ် ကို တာချီလိတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေကြောင်း သိရသည်။