စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၄ ရက်၊ နံနက် ၁ နာရီကျော်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေါစဲကျေးရွာ ဆေးပေးခန်း အဆောက်အဦနှင့် ရွာသားအချို့ ထိခိုက်မှုများ ရှိသည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၉) က ထုတ်ပြန်သည်။
.
စစ်ကောင်စီ တပ်များ အသုံးပြု သွားလာနေသည့် လွိုင်ကော် - ဒီးမော့ဆို လမ်းအား အကန့်သတ် မရှိ ပိတ်ထားကြောင်းနှင့် ပြည်သူများ သွားလာခြင်း မပြုရန်ကိုလည်း KNDF တပ်ရင်း(၉) က ယမန်နေ့တွင်ထုတ်ပြန် အသိပေးထားသည်။