ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမရှိ မူးလာ့ချောင်းတံတား အနီး၌ ယနေ့ မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ထီးမူးထရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
မူးလာ့ချောင်း တံတားအနီး၌ နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲအပြီး နံနက် ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ထီးမူးထရွာအတွင်းသို့ လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း KNU ဒူးပယာလာခရိုင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄၀ ဝန်းကျင် အရွယ် ၂ ဦးနှင့် အသက် ၃၃ နှစ်အရွယ် ၁ ဦး၊ စုစုပေါင်း အရပ်သား ပြည်သူ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ် ၃ လုံးနှင့် မော်တော်ယာဉ် ၁ စီးလည်း လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။