ယင်းမာပင်မြို့နယ်ရှိ ထန်းဇင်ရွာကို စစ်ကောင်စီ မီးရှို့ခဲ့သဖြင့် နေအိမ်အချို့နှင့် အိမ်မွေးတိရစ္ဆာန်များ မီးလောင် ဆုံးရှုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယင်းမာပင်မြို့နယ်ရှိ ထန်းဇင်ရွာကို စစ်ကောင်စီ မီးရှို့ခဲ့သဖြင့် နေအိမ်အချို့နှင့် အိမ်မွေးတိရစ္ဆာန်များ မီးလောင် ဆုံးရှုံးခဲ့ရ



ယင်းမာပင်မြို့နယ်၊ ထန်းဇင်ကျေးရွာကို ယမန်နေ့၊ မတ်လ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းပြီးနောက် မီးရှို့ခဲ့သဖြင့် နေ အိမ် အချို့နှင့် အိမ်မွေးတိရစ္ဆာန်များ မီးလောင် ပျက်ဆီး၊ ဆုံးရှုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သည် ထန်းဇင်ရွာသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များအား ရှာဖွေကာ အဖိုးတန် ပစ္စည်းအချို့နှင့် ငွေကြေးများလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။





အဆိုပါ စစ်ကောင်စီတပ်သည် ရွာမှ ပြန်လည် ထွက်ခွာချိန်တွင် ထန်းဇင်ရွာအား နေရာ ၃ နေရာ ခွဲ၍ မီးရှို့ခဲ့သဖြင့် အရပ်သားပြည်သူ အိမ်ခြေ ၁၄ လုံးအပြင် ကောက်ပဲသီးနှံ လယ်ယာ အသုံးပြု ပစ္စည်း အများအပြားနှင့် အိမ်မွေးတိရစ္ဆာန်များ မီးလောင်ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats