စစ်ကောင်စီဘက်က တင့်ကား ပျက်ဆီး၍ ၂၄ ဦး သေဆုံး
.
တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၄ ဦး သေဆုံး၍ တင့်ကား တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု DMO-Local PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ် အတွင်း၌ နယ်မြေ စိုးမိုးနိုင်ရေးအတွက် အင်အား အများအပြား ဖြည့်တင်းနေခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ များလာသည့်အပြင် စစ်ရှောင်စခန်းရှိ ပြည်သူများလည်း စစ်ဘေးလွတ်ရာ နေရာ (တတိယနေရာ)သို့ ထပ်မံ တိမ်းရှောင်နေကြရသည်ဟု သိရသည်။