မိုင်းကိုင်မြို့၊ ရွှေမြင်ထင်စေတီတော် (မွေတော်ဘုရား) တပေါင်းပွဲမှ ပြန်လာသည့် ထော်လာဂျီ တစ်စီး မတ်လ ၁၅ ရက်က ကောင်းမူးတန်ကျေးရွာ အနီး၌ တိမ်းမှောက်ခဲ့သဖြင့် တစ်ဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ ပန်နင်ကျေးရွာနေ အသက် ၈၀ အရွယ် နိုင်းစောင်ဖိတ် ဖြစ်ပြီး ဒဏ်ရာ ရသူများအနက် ၈ ဦးကို မိုင်းကိုင်ဆေးရုံတွင် လည်းကောင်း၊ ၂ ဦးကို လွိုင်လင်ဆေးရုံတွင် လည်းကောင်း၊ ၅ ဦးကို ကျေးရွာတွင် လည်းကောင်း ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
အဆိုပါ တိမ်းမှောက်ခဲ့သည့် ထော်လာဂျီတွင် လူ ၃၀ ကျော်ခန့် လိုက်ပါ စီးနင်းလာသည့် အပြင် သွပ်နှင့် မြေဩဇာများပါ တင်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။