ရွာငံမြို့နယ်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၃ ဦး ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွာငံမြို့နယ်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၃ ဦး ဖမ်းဆီးခံရ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ၌ ယနေ့ မတ်လ ၇ ရက်၊ နံနက် အစောပိုင်းတွင် NLD ပါတီဝင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းဝဏ္ဏ အပါအဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စိုင်းဝဏ္ဏသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းစဥ် တစ်ပတ်ခန့်ကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်‌မြောက်လာရာ ယခုတွင် ထပ်မံ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

.

အဆိုပါ စိုင်းဝဏ္ဏ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ကျန် ၂ ဦးမှာ မည်သူ ဖြစ်သည်ကိုမူ မသိရသေးဘဲ ပြီးခဲ့သည့် မတ်လ ၄ ရက်ကလည်း မြို့ကြီးကျေးရွာ၌ လူငယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

Journal Download

Photo of three cats