မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် အကျပ်အတည်းများကြောင့် ကလေးငယ် ဦးရေ ၅ သန်းကျော် လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်လျှက်ရှိသည်ဟု UNICEF Myanmar က ယနေ့ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည်။
.
ကလေးသူငယ်များသည် မကြုံဖူးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရကာ မြင့်တက်လာသော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ ၊ COVID-19 ကူးစက်ရောဂါ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ၊ မြင့်တက်လာသော ဆင်းရဲမွဲတေမှုနှင့် ပြည်သူ့ ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ကလေးသူငယ် ၅ သန်း အပါအဝင် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည့် ခန့်မှန်းခြေလူဦးရေ ၁၄ ဒသမ ၄ သန်းခန့် ရှိသည်ဟု ဆိုသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံရှိ ကလေးများ၏ အခွင့်အရေးများကို ကာကွယ်ပေးပြီး ကလေးများ ရှင်သန် ရပ်တည်မှုနှင့် သာယာဝပြောရေးတို့အတွက် အရေးပါသော အကူအညီများကို ဆက်လက် ပံ့ပိုးပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။