မူဆယ်မြို့၌ တာဝန်ကျနေသည့် ရဲအုပ် ဝင်းကိုနဲ့ တပ်ကြပ် နန်းဝင်းကျော် အပါအဝင် ရဲ ၅ဦး ယမန်နေ့နေ့ည မတ်လ ၃၀ ရက်တွင် ဖမ်းစီးခံရပြီး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှာ သိရသည်။
.
အဆိုပါ ရဲ ၅ ဦး၏ ရုပ်အလောင်းများကို မူဆယ်-ကြူကုတ် လမ်းမပေါ်ရှိ မုံးပေါ်ရွာဘေးတွင် ပစ်ထားခဲ့သည်ဟု ဆိုသည်။။
.
"အဲဒီ ရဲတွေက အနေထိုင် သိပ်မတတ်ဘူး။ ဂွင်လိုက်ရှာရင်းနဲ့ အဖမ်းခံသွားရတာ။ သူတို့ကို ကျင်စန်းကျော့ဂိတ်မှာ ဖမ်းသွားတယ်လို့ ပြောတယ်။ အခုအသတ်ခံရတဲ့ ပုံစံက တောထဲသတ်ပြီး အလောင်းကိုပြန်တင်ထားတဲ့သဘော" လို့ ဒေသခံ တစ်ဦးက ပြောသည်။
.
ဖမ်းစီးခံရသည့် ရဲမှာ ၆ယောက် ရှိသည်ဟု ဒေသခံများကက ပြောဆိုနေကြသော်လည်း အတည် မပြုနိုင်သေးပေ။
.
"မနေ့ ညကတော့ ရဲတွေ ပျောက်တယ်လို့ ကြားတယ်။ CDM လုပ်တာလားဆိုတော့လည်း မဟုတ်ဘူးတဲ့။ ဒီနေ့တော့ သေတယ်လို့တော့ ကြားရတယ်။ တိတိကျကျ မသိရဘူး"ဟု မူဆယ်ထပ်မြို့ခံတစ်ဦးက ဆိုသည်။
.
အလောင်းများကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က လာရောက် ကောက်ယူသွားခဲ့ပြီ ဖြစ်ကာ မည်သည့် အဖွဲ့စည်းက ဖမ်းစီးသွားသည်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပေ။